Showing posts with label Emergency Response for PLHIV in Rakhine. Show all posts
Showing posts with label Emergency Response for PLHIV in Rakhine. Show all posts

Tuesday, September 18, 2012

Utopia အဖွဲ့ဝင်များ အိမ်တိုင်ယာရောက်ARV ဆေးဝါးများ လိုက်လံပို့ဆောင်ပေးနေ

ရခိုင်ပြည်နယ်ရဲ့   မြို့  တော် စစ်တွေမြို့   မှာ မကြာသေးခင်လအနည်းငယ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများကြောင့် MSF(Holland) ကဖွင့်လှစ်ထားတဲ့ သဇင်ဆေးခန်းတွေကို ယာယီပိတ်ထားခဲ့တာဟာ အခု အချိန်အထိဖြစ်ပါတယ်။ ဒါပေမယ့် စစ်တွေသဇင်ဆေးခန်းကနေ ARV ဆေးဝါးများ ရယူသောက်သုံး နေတဲ့ PLHIV တွေကို ဆေးဝါးများမပြတ်လပ်စေဖို့အတွက် Utopia အဖွဲ့ဟာ MPG, MSF (Holland)(Coordination) တို့နဲ့ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ အချို့  နေရာတွေမှာ အိမ်တိုင် ယာရောက် လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ လိုအပ်ရင် Peer Counseling, Adherence Counseling တို့ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ Volunteer တွေဟာ Volunteer ဆိုတဲ့စကားအတိုင်း လုပ်အားစိုက်နိုင်ပေမယ့် အခြားစရိတ်တွေပါစိုက်လာရတယ်။ ၀ိုင်းဝန်းပံ့ပိုးမယ့်သူတွေကလည်း နတ္တိဆိုတော့ဘယ်အချိန်လောက်ထိများလုပ်နိုင်ပါ့မလဲဆိုတာ  တွေးရင် နေ့စဉ်ရင်မောနေရတဲ့ စေတနာ့ဝန်ထမ်း တွေရဲ့ ဘ၀တွေဟာ ဝေဒနာတွေရောယှက်လာနေပါပြီ။




Wednesday, June 27, 2012

ဆက်သွယ်လှူဒါန်းလိုသူများ၊ ဆေးဝါးအတွက် ဆက်သွယ်လိုသူများ

စစ်တွေမှာရှိတဲ့ Utopia(Phoenix-Sittwe) အဖွဲ့ဟာ ရန်ကုန်မြို့  မှာရှိတဲ့ Myanmar Positive Group (National PLHIV Network) ရဲ့ ကူညီမှု၊ MSF (Holland)ရဲ့ ရန်ကုန်ဆေးခန်းတွေက ကူညီမှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ARV ဆေးသောက်သုံးနေသူများအနေဖြင့် ဆေးဝါးပြတ်လပ်မှုမရှိစေရေး အတွက်အကူအညီတွေ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ယနေ့ထိအနေအထားမှာMSFသို့  ဆေးခန်းစာအုပ်တွေ ပို့ထားတဲ့အနက်က စစ်တွေကို လူနာ (၅၃)ဦးအတွက် ဆေးတွေပံ့ပိုးပေးနိုင်ခဲ့ပြီး ဆက်လက်ပေးပို့နိုင်ရေး အတွက်လည်းစီစဉ်ဆောင်ရွက်နေပါတယ်။ ဒီဆေးဝါးပို့ဆောင်ပေးတဲ့လုပ်ငန်းစဉ်မှာ ကုန်ကျစရိတ်တွေ ၊ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ PLHIV တွေအတွက် လှူဒါန်းလိုသူတွေအနေနဲ့ Myanmar Positive Group ရုံး၊ အမှတ်(၁၂၊ အက်ဖ်)၊ ပြည်သူ့လမ်း၊ ၇ မိုင်၊ မရမ်းကုန်း ဖုန်း- ၀၁- ၆၆၂၄၈၄၊ ၆၆၅၉၀၄၊ ၆၆၆၅၃၂ လိုင်းခွဲ-၂၁၄ သို့ဖြစ်စေ၊ အဖွဲ့ခေါင်းဆောင် ကိုသန်းထွန်း ၀၉၇၃၀၈၇၀၁၅ ထံသို့ဖြစ်စေ ဆက်သွယ်လှူဒါန်းနိုင်ကြပါတယ်။