| You can send Vacancy Announcement of your organization to upload to thanhtoon.utopia@gmail.com with pdf format. | |||||||
| Vacancy Announcement for UNs, INGOs, LNGOs | |||||||
| Closing Date | Job Title | Organization | Download | ||||
| 21-Sep-12 | Communication Officer | UNOPS | Download | ||||
| 21-Sep-12 | Community Mobilization Supervisor | PU-AMI | Download | ||||
| 21-Sep-12 | Community Mobilizer(WASH) | UN-HABITAT | Download | ||||
| 21-Sep-12 | Nurse | PU-AMI | Download | ||||
| 21-Sep-12 | Various Position | SwanYee | Download | ||||
| 30-Sep-12 | Field Coordinator | DRC | Download | ||||
| 30-Sep-12 | Team Leader | DRC | Download | ||||
| 10-Oct-12 | Field Administrator | CESVI | Download | ||||
Wednesday, September 19, 2012
Job Vacancy
Tuesday, September 18, 2012
ဂီရိမုန်တိုင်းသင့်ဒေသများသို့ ကယ်ဆယ်ရေးသွားရောက်ခဲ့စဉ်ကအမှတ်တရ
Utopia အဖွဲ့ဝင်တွေဟာ ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလတုန်းက ရခိုင်ပြည်နယ်ကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဂီရိမုန်တိုင်းဒဏ်သင့် မြေပုံမြို့ နယ်၊ ငမန်းရဲကြီးတိုက်နယ်၊ လွန်းလုံးပိုက်ကျေးရွာမှာ အခြေစိုက်ပြီးတော့ အနီးဝန်းကျင် (၁၁) ရွာကို ဆန်၊ဆီ၊ အ၀တ်အထည်၊ အမိုးအကာ၊ စားစရာတွေ လှူဒါန်းခဲ့ကြပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့တစ်တွေဟာ ကိုယ်တွေကိုယ်တိုင် ကျန်းမာရေးမကောင်းပေမယ့် ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်အားဘဲ မုန်တိုင်းဒဏ်ခံဒေသတွေကို သွားခဲ့ကြပါတယ်။
Utopia အဖွဲ့ဝင်များ အိမ်တိုင်ယာရောက်ARV ဆေးဝါးများ လိုက်လံပို့ဆောင်ပေးနေ
ရခိုင်ပြည်နယ်ရဲ့ မြို့ တော် စစ်တွေမြို့ မှာ မကြာသေးခင်လအနည်းငယ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများကြောင့် MSF(Holland) ကဖွင့်လှစ်ထားတဲ့ သဇင်ဆေးခန်းတွေကို ယာယီပိတ်ထားခဲ့တာဟာ အခု အချိန်အထိဖြစ်ပါတယ်။ ဒါပေမယ့် စစ်တွေသဇင်ဆေးခန်းကနေ ARV ဆေးဝါးများ ရယူသောက်သုံး နေတဲ့ PLHIV တွေကို ဆေးဝါးများမပြတ်လပ်စေဖို့အတွက် Utopia အဖွဲ့ဟာ MPG, MSF (Holland)(Coordination) တို့နဲ့ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ အချို့ နေရာတွေမှာ အိမ်တိုင် ယာရောက် လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ လိုအပ်ရင် Peer Counseling, Adherence Counseling တို့ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ Volunteer တွေဟာ Volunteer ဆိုတဲ့စကားအတိုင်း လုပ်အားစိုက်နိုင်ပေမယ့် အခြားစရိတ်တွေပါစိုက်လာရတယ်။ ၀ိုင်းဝန်းပံ့ပိုးမယ့်သူတွေကလည်း နတ္တိဆိုတော့ဘယ်အချိန်လောက်ထိများလုပ်နိုင်ပါ့မလဲဆိုတာ တွေးရင် နေ့စဉ်ရင်မောနေရတဲ့ စေတနာ့ဝန်ထမ်း တွေရဲ့ ဘ၀တွေဟာ ဝေဒနာတွေရောယှက်လာနေပါပြီ။
Location:
Sittwe, Burma
Sunday, September 16, 2012
Presentation From National PLHIV Forum
Myanmar Positive Group (National PLHIV Network) မှ ဦးဆောင်ပြုလုပ်သည့် 6th National PLHIV Forum တွင် NAP, UN, INGO များမှ ဆရာ၊ဆရာမများ၊ CCM, TSG မှ MPG ၏ ကိုယ်စားလှယ်များမှ တင်ပြသော Powerpoint Presentation များကို စုစည်းထားခြင်းဖြစ်ပါသည်။
Quality System for Health Care by Dr Nyan Tun (WHO)
MPG မှ ဆောင်ရွက်နေသော CoC မူဘောင် by U Myo Thant Aung (MPG)
Country Coordination Mechanism and Positive Participation by U Soe Moe Aung (CCM-Representative)
MSF-Holland ၏ မြန်မာနိုင်ငံတွင်း ဆောင်ရွက်နေမှုများ by Dr Khin Nyein Chan(MSF-H)
International HIV/AIDS Alliance မှ ဆောင်ရွက်နေသော PPPH by Dr Aung Zeya Paing (Alliance)
Opportunities and Challenges for Scaling up Treatment 2.0 by Dr Myint Shwe (NAP)
TSG Updates by MKLynn@Tom (TSG-Representative)
Treatment as Preventation by Dr Kyu Kyu Than (BI-MM)
UNION (IHC) ၏ ဆောင်ရွက်နေမှုများ by Dr Nay Thiha (UNION)
ပါမောက္ခဒေါက်တာအောင်ထွန်းသက်၏ Presentation
Saturday, September 15, 2012
MPG (National PLHIV Network) ၏ 6th National PLHIV Forum ပထမနေ့မြင်ကွင်း
Myanmar Positive Group (National PLHIV Network) ရဲ့ 6th National PLHIV Forum (ပထမနေ့)ကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့နံနက်(၉း၀၀)နာရီမှစတင်ကာရန်ကုန်တိုင်းဒေသကြီး၊ ရွှေဂုံတိုင် ရှိ Excel Treasure Hotel၊ ၁၀ လွှာမှာ စတင်ကျင်းပနေတယ်။ အဲဒီအခမ်းအနားကို အမျိုးသားခုခံကျ/ကာလသားတိုက်ဖျက်ရေးစီမံချက်မှ စီမံချက်မန်နေဂျာ ဒေါက်တာဒေါ်ခင်ဥမ္မာစံအပါအ၀င် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ UNAIDS မှ Country Director အပါအ၀င် UN, INGO များမှ တာဝန်ရှိသူများ၊ MPG ၏ အကြံပေးများ၊ ဘုတ်အဖွဲ့ဝင်များနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဒေသ (၁၂) ခုမှ အိပ်ခ်ျအိုင်ဗီပိုးဖြင့်အသက်ရှင်နေထိုင်သူ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။
Wednesday, September 12, 2012
MPG ၏ 6th National PLHIV Forum
Myanmar Positive Group (National PLHIV Network) ၏ 6th National PLHIV Forum ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ (၁၅)ရက်နှင့် (၁၆)ရက်နေ့တို့တွင် ရန်ကုန်မြို့ ၊ ရွှေဂုံတိုင်ရှိ Excel Treasure Hotel (10th Floor) တွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ဒေသ (၁၂) ခုမှ အိပ်ခ်ျအိုင်ဗီပိုးဖြင့် အသက်ရှင်နေသူ ခေါင်းဆောင် (၁၉၀) ကျော်တက်ရောက်ကြမည်ဖြစ်ပြီး ကုသမှုများ အရည်အသွေးမီရေးနှင့်ပတ်သက်၍ ဆွေးနွေးသွားကြမည်ဖြစ်ပြီး ပါမောက္ခဒေါက်တာအောင်ထွန်းသက် မှလည်း ဒုတိယနေ့တွင် တက်ရောက်ဟောပြောမည်ဖြစ်ပါသည်။
အခမ်းအနားအစီအစဉ်အားဒေါင်းလုပ်ဆွဲရန် (as PDF)
အခမ်းအနားဖိတ်စာအား ဒေါင်းလုပ်ဆွဲယူရန်
အသင်းအဖွဲ့ဆိုင်ရာဥပဒေနှင့်ပတ်သက်၍ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့၏ စီစဉ်မှုဖြင့် နေပြည်တော်သို့ Myanmar Positive Group(National PLHIV Network) ကိုယ်စားပြုသွားရောက်ခြင်း
Myanmar Positive Group (National PLHIV Network) ၏ ဘုတ်အဖွဲ့ဝင်လည်းဖြစ်၊ ရခိုင်ဒေသကိုယ်စားလှယ်ဖြစ်သူ ဦးသန်းထွန်းသည် ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့၏စီစဉ်မှုဖြင့် အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ဆိုင်ရာဥပဒေ၊ NGO Law တို့နှင့်ပတ်သက်သည့် Advocacy Trip အဖြစ် နေပြည်တော်သို့သွားရောက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့်သွားရောက်တွေ့ဆုံရန်အတွက် Myanmar Positive Group အား ကိုယ်စားပြုကာ သွားရောက်ခဲ့ပါသည်။
To download Report as PDF
Tuesday, September 11, 2012
Myanmar Positive Group (National PLHIV Network) ၏ရခိုင်ဒေသဆိုင်ရာကိုယ်စားလှယ်သည် ရခိုင်ဒေသသို့ Advocacy သွားရောက်ခြင်း
Myanmar Positive Group (National PLHIV Network) ၏ ရခိုင်ပြည်နယ်ဒေသကိုယ်စားလှယ်ဖြစ်သူ ဦးသန်းထွန်းသည် ရခိုင်ဒေသရှိ အိပ်ခ်ျအိုင်ဗီပိုးဖြင့်အသက်ရှင်နေသူများ၏ ဆေးဝါးကုသမှုများ အဆင်ပြေ ချောမွေ့စေရေး၊ လွှဲပြောင်းသည့်လုပ်ငန်းများအဆင်ပြေစေရေးနှင့် ဒေသလူထုများ ပိုမိုပူးပေါင်း နိုင်ရေးတို့အတွက် စစ်တွေမြို့ ရှိ နိုင်ငံရေးပါတီများ၊ ဆရာတော်ကြီးများ၊ ကျန်းမာရေးဌာနမှတာဝန်ရှိသူများ၊ အမျိုးသားခုခံကျ/ကာလသားတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်အထူးကုဆရာဝန်ကြီးတို့နှင့် တွေ့ဆုံရန်အတွက် (၂၂၊၇၊၂၀၁၂)နေ့မှ (၂၈၊၇၊၂၀၁၂) နေ့အထိ Advocacy Trip သွားရောက်ခဲ့ပါသည်။ ထိုသို့သွားရောက်ရာတွင် ဒေသတွင်းရှိ PLHIV များနှင့်လည်းတွေ့ဆုံနိုင်ခဲ့ပါသည်။
To download Situation Analysis Report for PLHIV in Rakhine
To download Situation Analysis Report for PLHIV in Rakhine
Subscribe to:
Posts (Atom)

