Wednesday, June 27, 2012
ဆက်သွယ်လှူဒါန်းလိုသူများ၊ ဆေးဝါးအတွက် ဆက်သွယ်လိုသူများ
စစ်တွေမှာရှိတဲ့ Utopia(Phoenix-Sittwe) အဖွဲ့ဟာ ရန်ကုန်မြို့  မှာရှိတဲ့ Myanmar Positive Group (National PLHIV Network) ရဲ့ ကူညီမှု၊ MSF (Holland)ရဲ့ ရန်ကုန်ဆေးခန်းတွေက ကူညီမှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ARV ဆေးသောက်သုံးနေသူများအနေဖြင့် ဆေးဝါးပြတ်လပ်မှုမရှိစေရေး အတွက်အကူအညီတွေ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ယနေ့ထိအနေအထားမှာMSFသို့  ဆေးခန်းစာအုပ်တွေ ပို့ထားတဲ့အနက်က စစ်တွေကို လူနာ (၅၃)ဦးအတွက် ဆေးတွေပံ့ပိုးပေးနိုင်ခဲ့ပြီး ဆက်လက်ပေးပို့နိုင်ရေး အတွက်လည်းစီစဉ်ဆောင်ရွက်နေပါတယ်။ ဒီဆေးဝါးပို့ဆောင်ပေးတဲ့လုပ်ငန်းစဉ်မှာ ကုန်ကျစရိတ်တွေ ၊ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ PLHIV တွေအတွက် လှူဒါန်းလိုသူတွေအနေနဲ့ Myanmar Positive Group ရုံး၊ အမှတ်(၁၂၊ အက်ဖ်)၊ ပြည်သူ့လမ်း၊ ၇ မိုင်၊ မရမ်းကုန်း ဖုန်း- ၀၁- ၆၆၂၄၈၄၊ ၆၆၅၉၀၄၊ ၆၆၆၅၃၂ လိုင်းခွဲ-၂၁၄ သို့ဖြစ်စေ၊ အဖွဲ့ခေါင်းဆောင် ကိုသန်းထွန်း ၀၉၇၃၀၈၇၀၁၅ ထံသို့ဖြစ်စေ ဆက်သွယ်လှူဒါန်းနိုင်ကြပါတယ်။
Monday, June 18, 2012
ရခိုင်ပြည်နယ်အတွင်းရှိ ARV ဆေးဝါးဖြင့် ကုသမှုခံယူနေသူများအတွက် ဆေးဝါးပြတ်လပ်မှု မရှိစေရေး အတွက် စစ်တွေမြို့ရှိ Utopia (Phoenix- Sittwe) အဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်
ရခိုင်ပြည်နယ်အတွင်းရှိARTကုထုံးဖြင့် ဆေးကုသမှုခံယူနေသောလူနာများအနေဖြင့်ART ဆေးပြတ်လပ်မှုနှင့် ဆေးယဉ်ပါးမှုကြောင့်
နောက်ဆက်တွဲပြဿနာများ မဖြစ်ပေါ်စေရေးတို့အတွက် စစ်တွေမြို့ရှိ Utopia (Phoenix-Sittwe) အဖွဲ့ သည် ရန်ကုန်မြို့ရှိ Myanmar Positive Group (National PLHIV Network) (MPG) နှင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိပါသည်။ ရခိုင်ပြည်နယ်အတွင်းရှိARTကုထုံးဖြင့် ဆေးကုသမှုခံယူနေသူများအနေဖြင့် ဆေးဝါးမပြတ်လပ်စေရေးအတွက် စစ်တွေမြို့ရှိ Utopia (Phoenix- Sittwe) အဖွဲ့မှ အောက်အမည်ပါပုဂ္ဂိုလ်များထံသို့ လာရောက်ဆက်သွယ်နိုင်ပါကြောင်း သိရှိရသည်။
(က) ကိုသန်းထွန်း             အဖွဲ့ခေါင်းဆောင်နှင့် MPG ၏ ရခိုင်ဒေသကိုယ်စားလှယ်              ၀၉၇၃၀၈၇၀၁၅
(ခ)  ကိုဦးဘဆွေ              ဘဏ္ဍာရေးမှူး                                                                  ၀၉၄၅၀၅၃၉၆၄၃
(ဂ)  ကိုလှအောင်ကျော်      အတွင်းရေးမှူး                                                                 ၀၉၈၅၀၀၈၃၈(တစ်ဆင့်)
(ဃ) ကိုကျော်စိန်              အဖွဲ့ဝင်                                                                           ၀၉၄၂၁၇၁၀၀၇၆
Myanmar Positive Group (National PLHIV Network) အခြေစိုက်ရုံးမှ ရခိုင်ပြည်နယ်အတွင်းရှိ ART ကုထုံးဖြင့် ဆေးကုသမှုခံယူနေသူများနှင့်ပတ်သက်ပြီး သဘောထားကြေညာချက်ထုတ်ပြန်
To download Statement as PDF
Saturday, June 2, 2012
လွမ်းလုံးပိုက်ကျေးရွာ ကျောင်းထိုင်ဆရာတော်၏ ဂီရိမုန်တိုင်းကိုယ်တွေ့ရှင်းလင်းချက်
ဒီ video clip လေးက ငမန်းရဲကြီးတိုက်နယ်၊ လွန်းလုံးပိုက်ကျေးရွာက ဆရာတော်ရဲ့ ပြောပြချက်ဖိုင်လေးပါ။
Friday, June 1, 2012
ဂီရိမုန်တိုင်းဒဏ်ခံ ဒေသများသို့ ကိုယ်တိုင်သွားရောက်ကူညီခြင်း
ဂီရိမုန်တိုင်းဒဏ်ခံ ငမန်းရဲကြီးတိုက်နယ်အတွက် ပထမအကြိမ် ဆန်အိတ် ၅၀၀ နှင့်အတူ
၂၀၁၀ ခုနှစ်၊ အောက်တိုဘာလမှာ ရခိုင်ပြည်နယ်မှာ အလွန်ပြင်းထန်တဲ့ ဂီရိလို့ အမည်ရတဲ့ မုန်တိုင်းကြီး တိုက်ခတ်ခဲ့ပါတယ်။ အဲဒီမုန်တိုင်းတိုက်ခတ်ပြီး  ၅ ရက်အကြာမှာ ကျွန်တော်တို့ အဖွဲ့က လူတွေဟာ ရန်ကုန်မြို့  ၊ ဖီးနစ်အဖွဲ့က ကိုသီဟကြိုင်တို့၊ Comreg က ဆရာဒေါက်တာကျော်သူတို့ရဲ့ အကူအညီတွေကို ရယူပြီး မြေပုံမြို့  နယ် ၊ ငမန်းရဲကြီးကျွန်းမှာ ရှိတဲ့ လွန်းလုံးပိုက်ကျေးရွာကို ချီတက်ခဲ့ကြပါတယ်။ လွန်းလုံးပိုက်မှာ အခြေစိုက်ပြီးတော့ အနီးပတ်ဝန်းကျင်က ရွာပေါင်း (၁၁)ရွာကို ဆန်တွေ၊ ဆီတွေ၊ ကျောင်းသုံးစာအုပ်တွေ၊ မိုးကာစတွေ၊ ခြင်ထောင်တွေပေးနိုင်ခဲ့ပါတယ်။ ပြီးတော့ ရွာသူရွာသားတွေနဲ့တွေ့ ၊ သူတို့ရဲ့ လိုအပ်ချက်တွေ ဖော်ထုတ်တဲ့ PLA ကိုလည်း လုပ်နိုင်ခဲ့ပါတယ်။ အဲဒီမှာ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ကိုသန်းထွန်း ပြောဖြစ်တဲ့စကားတစ်ခွန်းက ငါတို့ HIV Positive တွေဟာ အရင်တုန်းက ကိုယ်ကိုလာကူမယ့်သူတွေကိုပဲရှာခဲ့၊ စောင့်ခဲ့ကြရတာ၊ အခုတော့ ငါတို့ကိုယ်တိုင် ကူညီနိုင်ပြီ၊ လှူဒါန်းနိုင်ပြီ၊ ငွေကြေးမလှူနိုင်ရင်တောင်မှ ငါတို့ဟာ လုပ်အားတွေနဲ့လှူနိုင်ပြီဆိုတာဖြစ်ပါတယ်။
Tuesday, May 15, 2012
တံဆိပ်အား အဓိပ္ပာယ်ဖွင့်ဆိုခြင်း
အပြာရောင်စက်ဝိုင်း၏ အလယ်တည့်တည့်တွင် ဖဲကြိုးနီတစ်ခု ရှိပြီး ၎င်းဖဲကြိုးနီကို သဇင်ပန်းနှစ်ခက်က ဘယ်ညာ ၀ိုင်းရံထားသည်။ ၎င်းစက်ဝိုင်း၏ ထိပ်အလယ်တည့်တည့်တွင် အဖွဲ့၏အတိုကောက် စာလုံး UA အားထည့်သွင်းထားသည်။
          (က)    အပြာရောင်စက်ဝိုင်းသည် ငြိမ်းချမ်းခြင်းအား ရည်ညွှန်း ပါသည်။
     (ခ)     ဖဲကြိုးနီသည် HIV/AIDS နှင့်သက်ဆိုင်သော လုပ်ငန်း များအားလုပ်ကိုင်နေသော အဖွဲ့အစည်းကို ရည်ညွှန်းပါသည်။
          (ဂ)     သဇင်ပန်းနှစ်ခက်သည် ရခိုင်ပြည်နယ်အား ကိုယ်စားပြု ပါသည်။
What is Utopia (Phoenix-Sittwe)?
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဓည၀တီရပ်ကွက်၊ မေယုလမ်းတွင် AZG (MSF-Holland) နယ်စည်းမထားဆရာဝန်များ အဖွဲ့ (ဟော်လန်)မှ သဇင်ဆေးခန်းကို ဖွင့်လှစ်ထားလျက်ရှိပါသည်။ ထိုဆေးခန်းတွင် ဆေးကုသမှုခံယူနေသော PLHIV များ၏ လစဉ်ပစ်တိုင်းထောင်တွေ့ဆုံပွဲများကို AZG Office နှင့် သဇင်ဆေးခန်းများတွင် ၂၀၀၈ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ကျင်းပခဲ့ရာ ယနေ့အချိန်အထိ ကျင်းပလျက်ရှိပါသည်။ ထိုတွေ့ဆုံပွဲမှတစ်ဆင့် ဘ၀တူများ အား ပိုမိုကူညီပေးနိုင်ရန်အတွက် PLHIV အများစုပါဝင်သော Utopia (Phoenix- Sittwe) ကို ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ စတင်ဖွဲ့စည်းစဉ်က HIV ပိုးဖြင့် အသက်ရှင်သန်နေထိုင်သူများနှင့် ၄င်းတို့၏မိသားစုဝင်များကိုသာ အဓိကထားကူညီရန်ဖြစ်သော်လည်း ရခိုင်ပြည်နယ်အတွင်းတိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်း၏ ကယ်ဆယ်ရေးလုပ်ငန်းများကို ပါဝင်ကူညီလုပ်ကိုင်းရင်း သဘာဝဘေးဒဏ်သင့်ပြည်သူများကိုလည်း အကူအညီများ ပေးလာနိုင်ခဲ့သည်။
Utopia အဖွဲ့ရဲ့ လက်ကမ်းစာစောင်အား ဒေါင်းလုပ်ဆွဲရန် 
ကလေးငယ်များအတွက် ပညာသင်ထောက်ပံ့ခြင်း အစီအစဉ်
စစ်တွေမြို့ တွင် အခြေပြုနေထိုင်ပြီး HIV ပိုးဖြင့်အသက်ရှင်နေထိုင်သူများ၏ သားသမီးများအား ပညာသင်ကြားနိုင်ရန်အတွက် စာရေးကိရိယာများ၊ ကျောင်းစာအုပ်များ၊ လွယ်အိတ်များနှင့် ကျောင်းစရိတ်များထောက်ပံ့ခြင်းလုပ်ငန်းများကို ၂၀၁၀ခုနှစ်တွင် ကျောင်းသားကျောင်းသူ (၃၀) ဦးအားလည်းကောင်း၊ ၂၀၁၁ခုနှစ်တွင် ကျောင်းသားကျောင်းသူ (၅၂) ဦးအားလည်းကောင်း ထောက်ပံ့ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ ယခု ၂၀၁၂ ခုနှစ်တွင်လည်း ထောက်ပံ့လှူဒါန်းရန်စီစဉ်ထားပါသဖြင့် လှူဒါန်းလိုသူများအနေဖြင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။