Monday, May 27, 2013

မြန်မာနိုင်ငံအတွင်းရှိ HIV/AIDS တားဆီးကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေသည့် လူမှုကွန်ရက် (၇)ဖွဲ့မှ ပူးပေါင်းကာ မီးထွန်းဆုတောင်းပွဲကျင်းပ






မြန်မာနိုင်ငံအတွင်းရှိ HIV/AIDS တားဆီးကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေကြသော လူမှုကွန်ရက်(၇)ခုမှ ဦးဆောင်ကာ (၈)ကြိမ်မြောက် HIV/AIDS ဖြင့် သေဆုံးသွားသူများအတွက် မီးထွန်းဆုတောင်းပွဲ ( International Candlelight Memorial Service) ကို ၂၀၁၃ ခုနှစ်၊ မေလ (၂၆)ရက်နေ့တွင် ရန်ကုန်မြို့ရှိ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ UNAIDS' Global Advocate for Zero Discrimination ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်ပြီး အမှတ်တရ ဖယောင်းမီးထွန်းကာ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံအတွင်းရှိ HIV ပိုးရှိသူ ဝေဒနာရှင်များအတွက် အားတက်ဖွယ် အဖွင့်အမှာစကားကို မိန့်ကြားခဲ့ပါသည်။

Friday, March 15, 2013

ံHIV ပိုးရှိသူ စောစောဆေးကုသက ဆေးဖြတ်လိုက်လည်း ကျန်းမာ

HIV ဗိုင်းရပ်စ်ပိုး

ပြင်သစ်သုတေသီတွေက အိတ်ခ်ျအိုင်ဗီဗိုင်းရပ်စ်ပိုး ရှိနေသူတွေဟာ စောစော ကုသခံရပြီး ထူထူထောင်ထောင် ဖြစ်လာချိန်မှာ ဆေးဖြတ်လိုက်ရင်လည်း ကျန်းမာစွာနဲ့ နှစ်အတန်ကြာ အသက်ရှည်နေနိုင်တယ် ဆိုတာကို သက်သေပြခဲ့ကြပါတယ်။

ပိုးရှိသူတွေနဲ့ စမ်းသပ်ပြီးနောက်မှာ ဒီအဖြေကို ထုတ်ခဲ့တာဖြစ်ပြီး၊ တယောက်ကဆို ခုခံအားထိန်းထားနိုင်တဲ့ အေအာဗီဆေး သောက်တာကို ရပ်လိုက်တာ ၁၀ နှစ်ကျော်သွားပြီလို့ သိရပါတယ်။

ပိုးရှိနေပြီလို့ သိတာနဲ့ ၁၀ ပတ် အတွင်းမှာ ထိထိရောက်ရောက် ကုခဲ့ရင် ခဏကြာလို့ ဆေးဖြတ်လိုက်လည်း ကျန်းမာစွာ နေနိုင်နေမှာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ပျားအဆိပ်သည် HIV ပိုးကို တားဆီး ကာကွယ်နိုင်ကြောင်း သုတေသန ပညာရှင်များ လေ့လာ တွေ့ ရှိ


"melittin" အမည်ရှိ ပျားအဆိပ် တစ်မျိုးသညHIV ပိုးကို တိုက်ဖျက်နိုင်ပြီး ၎င်းပတ်ဝန်း ကျင်ရှိ အခြားဆဲလ်များကို ထိခိုက်စေခြင်း မရှိကြောင်း အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဆေးတက္ကသိုလ်မှ သုတေသန ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

AIDS ရောဂါ ဖြစ်စေနိုင်သည့် HIV ပိုး ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်သည့် ga(ဂျဲလ်) တစ်မျိုးကို ထုတ်လုပ်ရာတွင် ပျားအဆိပ်သည် အရေး ပါသောကြောင့် အဆိုပါ လေ့လာတွေ့ ရှိမှုကို ချီးကျူး ဂုဏ်ပြုခဲ့ကြသည်။

"melittin" အမည်ရှိ ပျားအဆိပ်ကို သေးငယ်သော အမှုန်အစိတ် အပိုင်းများဖြစ်အောင် သိပ္ပံ ပညာရှင်များက ဖန်တီးခဲ့ကြပြီး HIV ဆဲလ်များပေါ်သို့ ထည့်သွင်းလိုက်သည့် အခါတွင် HIV ဆဲလ်များ သေ ဆုံးခဲ့သည်ကို သိပ္ပံပညာ ရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

အဆိုပါ လေ့လာမှုကို အမေရိကန် ပြည်ထောင်စု စိန့်လူးဝစ်မြို့ရှိ ဝါရှင်တန် ဆေးတက္ကသိုလ်မှ သုတေသန ပညာရှင်များ အဖွဲ့က လုပ်ဆောင်ခဲ့ပြီး HIV ပိုး ကူးစက် ပျံ့နှံ့ခြင်းကို ကာကွယ်ရန် အတွက် ပျားအဆိပ်ကို အမျိုးသမီး အင်္ဂါတွင် ထည့်သွင်းသည့် ဂျဲလ်ထဲတွင် ထည့်သွင်း အသုံးပြုနိုင်ကြောင်း သုတေသန ပညာရှင် ဒေါက်တာ ဂျို့စ်ဟွာ အယ်လ်ဟုဒ်က ပြောကြားခဲ့သည်။

HIVပိုးကနဦး ကူးစက်ခံရမှုကို ထိန်းချုပ်နိုင်ရန် ကာကွယ်ရေး အစီအစဉ် တစ်ရပ်အဖြစ် ပြည်သူများသည် ၎င်းဂျဲလ်ကို အသုံးပြုနိုင်မည် ဟု မျှော်မှန်းထားကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အမှန်စင် စစ်အားဖြင့် HIV ပိုးတိုက်ဖျက်သည့် ဆေးဝါး အများစုသည် ဗိုင်းရပ်စ်ပိုးများ မျိုးပွားခြင်းကို ဟန့်တား နိုင်စွမ်းသာရှိပြီး ပျားအဆိပ်များသည် ဗိုင်းရပ်စ်ပိုး ဖွဲ့စည်း တည်ဆောက်ပုံကို အမှန်တကယ် တိုက်ဖျက် နိုင်စွမ်းရှိ၍ ကူးစက်မှုကို ကာကွယ် နိုင်စွမ်းရှိသည် ကို သုတေသန ပညာရှင်များက တွေ့ရှိခဲ့သည်။

ထို့ပြင် ပျားအဆိပ် အမှုန်လေး များသည် အကျိတ်ဆဲလ်များကို သေစေရန် အသုံးပြုနိုင်သည့် ထိရောက်သော နည်းလမ်း တစ်ခုဖြစ်လာ နိုင်ဖွယ် ရှိကြောင်း ဒေါက်တာ အယ်လ်ဟုဒ်က ပြောကြားခဲ့သည်။

မြ၀တီ

Thursday, November 22, 2012

ရခိုင်ပြည်နယ်အတွင်းရှိ HIV ပိုးရှိသူများ ဆေးဝါးများမပြတ်လပ်စေရေးနှင့် ဆေးဝါးကုသမှုဆက်လက်ခံယူနိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲကျင်းပ

ရခိုင်ပြည်နယ်အတွင်းရှိ HIV ပိုးရှိသူများ ဆေးဝါးများမပြတ်လပ်စေရေး၊ ဆေးဝါးကုသမှုများဆက်လက်ခံယူနိုင်ရေးဆိုင်ရာ အသိပေးဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်နေ့တွင် စစ်တွေမြို့ရှိ ၀ံလက်ဖောင်ဒေးရှင်း ရုံးခန်းတွင် Myanmar Positive Group (National PLHIV Network) နှင့် Utopia Association တို့၏ ပူးပေါင်းမှုဖြင့် ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ စစ်တွေမြို့ရှိ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စစ်တွေမြို့ရှိ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ Utopia Association မှ အဖွဲ့ဝင်များ စုစုပေါင်းအင်အား(၅၀)ဦးခန့်တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအသိပေးဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်အတွင်းရှိ HIV ပိုးရှိသူများ ဆေးဝါးမပြတ်လပ်စေရေး၊ ဆေးဝါးကုသမှုဆက်လက်ခံယူနိုင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော လူမှုအဖွဲ့အစည်းများမှလည်း ၄င်းတို့အနေဖြင့် ပံ့ပိုးပေးနိုင်မည့်အနေအထားများကို ဆွေးနွေးခဲ့ကြသည်။ Utopia Association သည် Myanmar Positive Group (National PLHIV Network) နှင့်ပူးပေါင်းကာ လိုအပ်သော ဆေးဘက်ဆိုင်ရာနည်းပညာနှင့် ဆေးဝါးများကို MSF (Holland) ၏ ပံ့ပိုးမှုဖြင့် HIV ဝေဒနာရှင်များအတွက် ဆေးခန်းတစ်ခုကို အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။





MPG ၏ရခိုင်ပြည်နယ်ကိုယ်စားလှယ်၊ Utopia Association ၏ အကြံပေး ဦးသန်းထွန်းမှ ရှင်းလင်းခြင်း





Myanmar Positive Group (National PLHIV Network) မှ ဥက္ကဌ ဦးမျိုးသန့်အောင်မှ ရှင်းလင်းပြောကြားခြင်း
ဝံလက်ဖောင်ဒေးရှင်းမှ ဦးခိုင်ကောင်းစံမှ ဆွေးနွေးနေစဉ်


ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်အတွင်းရေးမှူး ဒေါက်တာစန်းရွှေမှ ၀င်ရောက်ဆွေးနွေးစဉ်

Thursday, November 15, 2012

စစ်တွေမြို့နယ်အတွင်းမှ ARV ဆေးဝါးသောက်သုံးနေရသူများနှင့် တွေ့ဆုံဆွေးနွေး







Utopia အဖွဲ့ မှ ဦးဆောင်၍ ရခိုင်ပြည်နယ်အတွင်း HIV ပိုးရှိသူများအတွက် ဆေးဝါးကုသမှုများ ခံယူနိုင်ရေးဆိုင်ရာ အကြိုညှိနှိုင်းအစည်းအဝေးကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ(၁၁) ရက်နေ့က Utopia အဖွဲ့ရုံးမှာ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ ယခုလက်ရှိအနေအထားမှာ Utopia အဖွဲ့ကနေ တစ်ဆင့် ARV ဆေးများမပြတ်လပ်စေရေး ဆောင်ရွက်နေမှုပုံစံကို လူနာအားလုံးက လက်ခံကြပြီး ယခုပုံစံအတိုင်းသာ ဆက်သွားစေလိုကြောင်း၊ သို့ရာတွင် အခြားလိုအပ်သော နှစ်သိမ့်ဆွေးနွေးခန်းများ၊ ဆေးစတိုများပါ လိုအပ်သည့်အတွက်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံသည့် အသိပေးဆွေးနွေးပွဲတွင် တင်ပြသွားကြရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ Myanmar Positive Group (National PLHIV Network) နှင့် Utopia Association တို့မှ ဦးဆောင်ကျင်းပသည့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ စစ်တွေမြို့ရှိ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲကို စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်ရှိ ၀ံလက်ဖောင်ဒေးရှင်း ရုံးတွင် ညနေ(၂း၀၀)နာရီမှ (၄း၀၀)နာရီအထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Thursday, November 8, 2012

Utopia အဖွဲ့မှ ဦးဆောင်ကာ စစ်တွေမြို့နှင့် အနီးတစ်ဝိုက်ဒေသမှ PLHIV များ ဆေးဝါးမပြတ်လပ်စေရေး ကြိုးပမ်းဆောင်ရွက်နေ

စစ်တွေမြို့ပေါ်ရှိ HIV ပိုးရှိသူအများစုဖြင့် ဖွဲ့စည်းထားသော Utopia Association မှဦးဆောင်ကာ စစ်တွေမြို့တွင် သဇင်ဆေးခန်းအားပိတ်ထားသော်လည်း စစ်တွေမြို့နှင့် အနီးတစ်ဝိုက်ရှိမြို့များမှ HIV ပိုးရှိပြီး ART ဆေးဝါးသောက်သုံးနေရသူများ ဆေးဝါးမပြတ်လပ်စေရေးနှင့် ဆရာဝန်နှင့်ပြသကာ ကုသမှုခံယူနိုင်ရေးအတွက် ယာယီဆေးခန်းကို ရဲနွယ်စုအရှေ့ရပ်ကွက်တွင် ဖွင့်လှစ်လျက်ရှိပါသည်။ လူနာများအနေဖြင့် တနင်္လာနေ့မှ စနေနေ့အထိ နံနက် (၉း၀၀)နာရီမှ ညနေ(၅း၀၀) နာရီအတွင်းလာရောက် ပြသနိုင်ပါသည်။ ထို့ပြင် Myanmar Positive Group (National PLHIV Network) ၏ ဦးဆောင်မှု၊ Utopia အဖွဲ့၏ ပူးပေါင်းမှုဖြင့် မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသော ရခိုင်ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲတစ်ခုကို ကျင်းပပြုလုပ်ရန်လည်း စီစဉ်လျက်ရှိပါသည်။

Wednesday, October 24, 2012

Utopia အဖွဲ့မှ ရခိုင်ပြည်နယ်အတွင်းရှိ PLHIV များအတွက် ဆေးဝါးကုသမှုအဆင်ပြေနိုင်စေရန်အတွက် ယာယီဆေးခန်းဖွင့်လှစ်နိုင်အောင် ကြိုးပမ်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ART ဆေးဝါးများရယူနေသော PLHIV များ ဆေးဝါးများမပြတ်လပ်စေရေးနှင့် ဆေးကုသမှုဆက်လက်ခံယူနိုင်ရေး၊ အခြားအဖွဲ့အစည်း တစ်ခုခုမှ ၀င်ရောက်မဆောင်ရွက်မီကြားကာလတွင် အဆင်ပြေနိုင်စေရေးတို့အတွက် ယာယီဆေးခန်းတစ်ခုကို ဖွင့်လှစ်နိုင်ရေးအတွက် ကြိုးစားလျက်ရှိပါသည်။ ၀ိုင်းဝန်းအကြံပေးလိုသူများ၊ ငွေအား၊ လူအားများဖြင့် ပါဝင်ကူညီလိုသူများ၊ ဆေးဝါးကိစ္စအတွက် ဆက်သွယ်လိုသူများသည် Utopia အဖွဲ့ရုံးသို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းကာ အကြံဥာဏ်များပေးနိုင်ပါသည်။

Saturday, October 20, 2012

MSF (Holland)! What are they doing in Sittwe?

MSF(Holland)'s clinic named Thazin Clinic was closed since July, 2012 because of riot in Rakhine State. So, we helped to all PLHIV getting treatment to be continue their drugs. MSF (Holland) is trying to reopen their clinic at Sittwe. But, The community in Sittwe protests them not to open the clinic. So all PLHIV in Sittwe are facing more difficult for their ARV drugs. MSF is giving PLHIV " tail off drug" for them. This is very serious condition for PLHIV in Rakhine. HOW TO SOLVE IT?