Monday, September 24, 2012

Utopia အဖွဲ့ရဲ့ Patient Care Center

Utopia အဖွဲ့ဟာ နယ်ဝေးဒေသကနေ စစ်တွေမြို့ကိုလာရောက်ပြီး ဆေးဝါးကုသမှုခံယူကြတဲ့ လူနာတွေ နေရေးထိုင်ရေးအဆင်ပြေစေဖို့အတွက် လူနာတည်းခိုဆောင်တစ်ခုကို အလှူရှင်တစ်ယောက်ရဲ့ ပံ့ပိုးမှုနဲ့ဆောက်လုပ်ထားပါတယ်။ ကျွန်တော်တို့ ၂၀၁၂ ခုနှစ် ဇွန်လအထိ ရခိုင်ပြည်နယ် တစ်နံတစ်လျားက လူနာပေါင်း ၃၀၀ ကျော်တည်းခိုပြီးတော့ ဆေးဝါးတွေရရှိအောင်၊ ကုသမှုတွေရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါပြီ။တစ်ချို့သောလူနာတွေဟာလည်း ဆေးကုသမှုခံယူရင်းနဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့ လူနာတွေလည်း အများကြီးပေါ့။ အနီးအနားပတ်ဝန်းကျင်ကလူတွေလည်း လက်ခံလာအောင်ပြောရတာအမော။ အနီးအနားမှာ လူတွေရောက်မလာခင်တုန်းကလည်း ရထားလမ်းစီမံချက်ထဲမှာ အဆောက်အအုံပါမသွားအောင်လည်း ကြိုးစားခဲ့ရသေးတယ်။ အဆောက်အအုံ ကျန်ခဲ့ပြန်တော့လည်း အဖွဲ့အစည်းမှာလုပ်နေကြတဲ့လူတစ်ချို့ကတော့ သူတို့ကိုပဲအပိုင်ပေးသလိုလိုနဲ့ လုကြပြန်တယ်။ အော်......... လောကဓံ။ အခုတော့လည်း အဆောင်ကထီးထီးကြီးကျန်ပါပေါ့။  ပြင်ရလုပ်ရတော့မယ်ဆိုတော့ အနားကပ်မယ့်သူမရှိနဲ့ပေါ့။ အခုတော့ ပြင်ပြီးသွားပြီတဲ့။



No comments: