ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာရှိတဲ့ Utopia အဖွဲ့ UNDP (HIV Program) ရဲ့ထောက်ပံ့မှုနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ နယ်ဝေးမှ လူနာများ ARV ဆေးဝါးများကို စစ်တွေမြို့တွင် လာရောက်ထုတ်ယူသည့်အခါ ခရီးစရိတ်ထောက်ပံ့ခြင်းလုပ်ငန်းကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလကနေဇွန်လအထိ (၆) လစီမံကိန်းအနေနဲ့လုပ်နိုင်ခဲ့ပါတယ်။ ဒီစီမံကိန်းကို အဓိကလုပ်ဖြစ်တာကတော့ ရခိုင်ပြည်နယ်အတွင်းမှာ ARV ဆေးပေးတဲ့နေရာဟာ စစ်တွေမြို့မှာပဲရှိပါတယ်။ အခြားမြို့မှာရှိတဲ့လူနာတွေဟာ စစ်တွေမြို့ကို ဆေးလာထုတ်ဖို့အတွက် ခရီးစရိတ်အခက်အခဲကြောင့် လာမထုတ်နိုင်တော့တဲ့အတွက် Defaulter တွေများမလာအောင်ရယ်၊ တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်အောင်ဆိုပြီးဖြစ်ပါတယ်။ အဓိကပံ့ပိုးပေးတဲ့ UNDP (HIV Program) မှတာဝန်ရှိသူတွေကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။
No comments:
Post a Comment