Utopia အဖွဲ့ မှ ဦးဆောင်၍ ရခိုင်ပြည်နယ်အတွင်း HIV ပိုးရှိသူများအတွက် ဆေးဝါးကုသမှုများ ခံယူနိုင်ရေးဆိုင်ရာ အကြိုညှိနှိုင်းအစည်းအဝေးကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ(၁၁) ရက်နေ့က Utopia အဖွဲ့ရုံးမှာ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ ယခုလက်ရှိအနေအထားမှာ Utopia အဖွဲ့ကနေ တစ်ဆင့် ARV ဆေးများမပြတ်လပ်စေရေး ဆောင်ရွက်နေမှုပုံစံကို လူနာအားလုံးက လက်ခံကြပြီး ယခုပုံစံအတိုင်းသာ ဆက်သွားစေလိုကြောင်း၊ သို့ရာတွင် အခြားလိုအပ်သော နှစ်သိမ့်ဆွေးနွေးခန်းများ၊ ဆေးစတိုများပါ လိုအပ်သည့်အတွက်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံသည့် အသိပေးဆွေးနွေးပွဲတွင် တင်ပြသွားကြရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ Myanmar Positive Group (National PLHIV Network) နှင့် Utopia Association တို့မှ ဦးဆောင်ကျင်းပသည့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ စစ်တွေမြို့ရှိ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲကို စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်ရှိ ၀ံလက်ဖောင်ဒေးရှင်း ရုံးတွင် ညနေ(၂း၀၀)နာရီမှ (၄း၀၀)နာရီအထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Thursday, November 15, 2012
Thursday, November 8, 2012
Utopia အဖွဲ့မှ ဦးဆောင်ကာ စစ်တွေမြို့နှင့် အနီးတစ်ဝိုက်ဒေသမှ PLHIV များ ဆေးဝါးမပြတ်လပ်စေရေး ကြိုးပမ်းဆောင်ရွက်နေ
စစ်တွေမြို့ပေါ်ရှိ HIV ပိုးရှိသူအများစုဖြင့် ဖွဲ့စည်းထားသော Utopia Association မှဦးဆောင်ကာ စစ်တွေမြို့တွင် သဇင်ဆေးခန်းအားပိတ်ထားသော်လည်း စစ်တွေမြို့နှင့် အနီးတစ်ဝိုက်ရှိမြို့များမှ HIV ပိုးရှိပြီး ART ဆေးဝါးသောက်သုံးနေရသူများ ဆေးဝါးမပြတ်လပ်စေရေးနှင့် ဆရာဝန်နှင့်ပြသကာ ကုသမှုခံယူနိုင်ရေးအတွက် ယာယီဆေးခန်းကို ရဲနွယ်စုအရှေ့ရပ်ကွက်တွင် ဖွင့်လှစ်လျက်ရှိပါသည်။ လူနာများအနေဖြင့် တနင်္လာနေ့မှ စနေနေ့အထိ နံနက် (၉း၀၀)နာရီမှ ညနေ(၅း၀၀) နာရီအတွင်းလာရောက် ပြသနိုင်ပါသည်။ ထို့ပြင် Myanmar Positive Group (National PLHIV Network) ၏ ဦးဆောင်မှု၊ Utopia အဖွဲ့၏ ပူးပေါင်းမှုဖြင့် မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသော ရခိုင်ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲတစ်ခုကို ကျင်းပပြုလုပ်ရန်လည်း စီစဉ်လျက်ရှိပါသည်။
Wednesday, October 24, 2012
Utopia အဖွဲ့မှ ရခိုင်ပြည်နယ်အတွင်းရှိ PLHIV များအတွက် ဆေးဝါးကုသမှုအဆင်ပြေနိုင်စေရန်အတွက် ယာယီဆေးခန်းဖွင့်လှစ်နိုင်အောင် ကြိုးပမ်း
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ART ဆေးဝါးများရယူနေသော PLHIV များ ဆေးဝါးများမပြတ်လပ်စေရေးနှင့် ဆေးကုသမှုဆက်လက်ခံယူနိုင်ရေး၊ အခြားအဖွဲ့အစည်း တစ်ခုခုမှ ၀င်ရောက်မဆောင်ရွက်မီကြားကာလတွင် အဆင်ပြေနိုင်စေရေးတို့အတွက် ယာယီဆေးခန်းတစ်ခုကို ဖွင့်လှစ်နိုင်ရေးအတွက် ကြိုးစားလျက်ရှိပါသည်။ ၀ိုင်းဝန်းအကြံပေးလိုသူများ၊ ငွေအား၊ လူအားများဖြင့် ပါဝင်ကူညီလိုသူများ၊ ဆေးဝါးကိစ္စအတွက် ဆက်သွယ်လိုသူများသည် Utopia အဖွဲ့ရုံးသို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းကာ အကြံဥာဏ်များပေးနိုင်ပါသည်။
Saturday, October 20, 2012
MSF (Holland)! What are they doing in Sittwe?
MSF(Holland)'s clinic named Thazin Clinic was closed since July, 2012 because of riot in Rakhine State. So, we helped to all PLHIV getting treatment to be continue their drugs. MSF (Holland) is trying to reopen their clinic at Sittwe. But, The community in Sittwe protests them not to open the clinic. So all PLHIV in Sittwe are facing more difficult for their ARV drugs. MSF is giving PLHIV " tail off drug" for them. This is very serious condition for PLHIV in Rakhine. HOW TO SOLVE IT?
Monday, September 24, 2012
ဂီရိမုန်တိုင်းဒဏ်ခံကယ်ဆယ်ရေးတုန်းက အမှတ်တရလေးများ
၂၀၁၀ ခုနှစ်တုန်းက တိုက်ခတ်ခဲ့တဲ့ ဂီရိမုန်တိုင်းဒဏ်ခံမြေပုံမြို့နယ်၊ ငမန်းရဲကြီးတိုက်နယ်အတွင်းက ကျေးရွာ (၁၁) ရွာကို ကျွန်တော်တို့ Utopia အဖွဲ့ဝင်များဟာ လှည့်လည်သွားလာပြီးတော့ ကူညီထောက်ပံ့ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီဓာတ်ပုံတွေကတော့ လွန်းလုံးပိုက်ကျေးရွားကနေ ဘင်္ဂလားပင်လယ်ကျယ်ကြီးကိုဖြတ်ပြီး ၀ကောက်ကြီးကျေးရွာ၊ ၀ဘော်ကြီးကျေးရွာနဲ့မြေပုံမြို့ကိုသွားခဲ့ကြတုန်းက အမှတ်တရတွေပေါ့။ လှိုင်းတွေထန်၊ လေတွေတိုက်ပေမယ့် ကုသိုလ်ရေးအတွက်မို့ မကြောက်ရွံ့နိုင်ခဲ့ကြပါဘူး။ ရွံ့တွေ၊ ဗွက်တွေကြား အတန်တန်ရုန်းကာသွားခဲ့ကြတဲ့နေ့ရက်တွေပေါ့။
UNDP (HIV Program) အဖွဲ့ စစ်တွေမြို့သို့ ရံပုံငွေများ လာရောက်ပေးအပ်ခြင်း
၂၀၁၀ ခုနှစ်၊ အောက်တိုဘာလတုန်းက UNDP (HIV Program) က ဆရာဒေါက်တာသန်းဇော်တို့၊ ဆရာဟာရ်ဘိခ်တို့ဟာ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို လာရောက်ပြီးတော့ Utopia အဖွဲ့ကို နယ်ဝေးမှလူနာများခရီးစရိတ်ထောက်ပံ့ရန်အတွက် ငွေကျပ် ၂၂၀၀၀၀၀ ကျပ်နှင့် ဆိတ်မွေးမြူရေးလုပ်ငန်းအတွက် ၂၂၅၀၀၀၀ ကျပ်၊ စုစုပေါင်း ၄၄၅၀၀၀၀ ကျပ်ကို လာရောက်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ အဲဒါဟာ Utopia အဖွဲ့ကို ဆက်ပြီးတော့ အလုပ်တွေလုပ်နိုင်ဖို့အတွက် တွန်းအားတွေပါ။ အဲဒီတွန်းအားတွေကြောင့်လည်း ကျွန်တော်တို့ဟာ ယခုအချိန်အထိ ဘ၀တူတွေအတွက် အလုပ်တွေကို အခက်အခဲတွေကြားထဲက လုပ်နေနိုင်ကြတာပေါ့။ အားလုံးကို ကျေးဇူးတင်ပါတယ်။
| UNDP (HIV Program) မှ တာဝန်ရှိသူများနှင့် Utopia အဖွဲ့တို့ NAP(Sittwe) ရုံးတွင် တွေ့ဆုံနေကြစဉ် |
Utopia အဖွဲ့ဝင်များနှင့် UNDP အဖွဲ့တို့တွေ့ဆုံညှိနှိုင်းနေကြစဉ် |
| ရံပုံငွေများလွှဲပြောင်းပေးနေစဉ် |
| ရေတွက်စစ်ဆေးလက်ခံနေစဉ် |
Utopia အဖွဲ့ရဲ့ ဆိတ်မွေးမြူရေးလုပ်ငန်း
Utopia အဖွဲ့ဟာ UNDP (HIV Program) ရဲ့ ထောက်ပံ့မှုနဲ့ ဆိတ်မွေးမြူရေးလုပ်ငန်းကို အကောင်အထည် ဖော်ခဲ့ပါတယ်။ Utopia အဖွဲ့ဝင်တွေဟာ ကိုယ်စွမ်း၊ဥာဏ်စွမ်းရှိသရွေ့ ကြိုးစားလုပ်ဆောင်ခဲ့ကြပေမယ့် လုပ်ငန်းမကျွမ်းကျင်တာရယ်ကြောင့်မို့ နောက်ဆုံးမှာတော့ မွေးမြူရေးလုပ်ငန်းကို
ရပ်နားထား လိုက်ရပါတယ်။
| ဆိတ်ခြံကို စတင်ဆောက်လုပ်နေစဉ် |
| ဆိတ်တွေစရောက်တဲ့နေ့ |
| ဆိတ်တွေပျော်ပျော်ပါးပါး အစာစားနေကြစဉ် |
Utopia အဖွဲ့ရဲ့ နယ်ဝေးမှလူနာများအား ခရီးစရိတ်ထောက်ပံ့ခြင်းစီမံချက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာရှိတဲ့ Utopia အဖွဲ့ UNDP (HIV Program) ရဲ့ထောက်ပံ့မှုနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ နယ်ဝေးမှ လူနာများ ARV ဆေးဝါးများကို စစ်တွေမြို့တွင် လာရောက်ထုတ်ယူသည့်အခါ ခရီးစရိတ်ထောက်ပံ့ခြင်းလုပ်ငန်းကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလကနေဇွန်လအထိ (၆) လစီမံကိန်းအနေနဲ့လုပ်နိုင်ခဲ့ပါတယ်။ ဒီစီမံကိန်းကို အဓိကလုပ်ဖြစ်တာကတော့ ရခိုင်ပြည်နယ်အတွင်းမှာ ARV ဆေးပေးတဲ့နေရာဟာ စစ်တွေမြို့မှာပဲရှိပါတယ်။ အခြားမြို့မှာရှိတဲ့လူနာတွေဟာ စစ်တွေမြို့ကို ဆေးလာထုတ်ဖို့အတွက် ခရီးစရိတ်အခက်အခဲကြောင့် လာမထုတ်နိုင်တော့တဲ့အတွက် Defaulter တွေများမလာအောင်ရယ်၊ တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်အောင်ဆိုပြီးဖြစ်ပါတယ်။ အဓိကပံ့ပိုးပေးတဲ့ UNDP (HIV Program) မှတာဝန်ရှိသူတွေကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။
Subscribe to:
Posts (Atom)