ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာရှိတဲ့ Utopia အဖွဲ့ UNDP (HIV Program) ရဲ့ထောက်ပံ့မှုနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ နယ်ဝေးမှ လူနာများ ARV ဆေးဝါးများကို စစ်တွေမြို့တွင် လာရောက်ထုတ်ယူသည့်အခါ ခရီးစရိတ်ထောက်ပံ့ခြင်းလုပ်ငန်းကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလကနေဇွန်လအထိ (၆) လစီမံကိန်းအနေနဲ့လုပ်နိုင်ခဲ့ပါတယ်။ ဒီစီမံကိန်းကို အဓိကလုပ်ဖြစ်တာကတော့ ရခိုင်ပြည်နယ်အတွင်းမှာ ARV ဆေးပေးတဲ့နေရာဟာ စစ်တွေမြို့မှာပဲရှိပါတယ်။ အခြားမြို့မှာရှိတဲ့လူနာတွေဟာ စစ်တွေမြို့ကို ဆေးလာထုတ်ဖို့အတွက် ခရီးစရိတ်အခက်အခဲကြောင့် လာမထုတ်နိုင်တော့တဲ့အတွက် Defaulter တွေများမလာအောင်ရယ်၊ တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်အောင်ဆိုပြီးဖြစ်ပါတယ်။ အဓိကပံ့ပိုးပေးတဲ့ UNDP (HIV Program) မှတာဝန်ရှိသူတွေကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။
Monday, September 24, 2012
Utopia အဖွဲ့ရဲ့ Patient Care Center
Utopia အဖွဲ့ဟာ နယ်ဝေးဒေသကနေ စစ်တွေမြို့ကိုလာရောက်ပြီး ဆေးဝါးကုသမှုခံယူကြတဲ့ လူနာတွေ နေရေးထိုင်ရေးအဆင်ပြေစေဖို့အတွက် လူနာတည်းခိုဆောင်တစ်ခုကို အလှူရှင်တစ်ယောက်ရဲ့ ပံ့ပိုးမှုနဲ့ဆောက်လုပ်ထားပါတယ်။ ကျွန်တော်တို့ ၂၀၁၂ ခုနှစ် ဇွန်လအထိ ရခိုင်ပြည်နယ် တစ်နံတစ်လျားက လူနာပေါင်း ၃၀၀ ကျော်တည်းခိုပြီးတော့ ဆေးဝါးတွေရရှိအောင်၊ ကုသမှုတွေရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါပြီ။တစ်ချို့သောလူနာတွေဟာလည်း ဆေးကုသမှုခံယူရင်းနဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့ လူနာတွေလည်း အများကြီးပေါ့။ အနီးအနားပတ်ဝန်းကျင်ကလူတွေလည်း လက်ခံလာအောင်ပြောရတာအမော။ အနီးအနားမှာ လူတွေရောက်မလာခင်တုန်းကလည်း ရထားလမ်းစီမံချက်ထဲမှာ အဆောက်အအုံပါမသွားအောင်လည်း ကြိုးစားခဲ့ရသေးတယ်။ အဆောက်အအုံ ကျန်ခဲ့ပြန်တော့လည်း အဖွဲ့အစည်းမှာလုပ်နေကြတဲ့လူတစ်ချို့ကတော့ သူတို့ကိုပဲအပိုင်ပေးသလိုလိုနဲ့ လုကြပြန်တယ်။ အော်......... လောကဓံ။ အခုတော့လည်း အဆောင်ကထီးထီးကြီးကျန်ပါပေါ့။ ပြင်ရလုပ်ရတော့မယ်ဆိုတော့ အနားကပ်မယ့်သူမရှိနဲ့ပေါ့။ အခုတော့ ပြင်ပြီးသွားပြီတဲ့။
Friday, September 21, 2012
ဂီရိမုန်တိုင်းဒဏ်ခံဒေသမှ နေ၀င်ဆည်းဆာ
၂၀၁၀ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ ဂီရိမုန်တိုင်းဒဏ်ခံ မြေပုံမြို့နယ်၊ ငမန်းရဲကြီးကျွန်းကိုသွားရတဲ့ ရေလမ်းခရီးရဲ့ လမ်းခုလတ်တစ်နေရာဖြစ်တဲ့ ဟန်တားပင်လယ်ဝအနီးက ၀မ်းစာရှာ ရေလုပ်သားတွေရဲ့ဘ၀တွေ၊ တောင်တန်းကြီးပေါ်မေးတင်နေတဲ့ ၀င်လုဆဲဆဲနေလုံးကြီးရယ်ပေါ့။ အဲဒီအချိန်မှာ သဘာဝတရားကြီးက ဘာမှမသိတဲ့သဘောပေါ့။ ဒါပေမယ့် အဲဒီပင်လယ်ပြင်မှာ ဒေသခံတွေရဲ့ မျက်ရည်တွေ၊ အော်ဟစ်ငိုကြွေးသံတွေ၊ ပြေးကြလွှားကြသံတွေဟာ တိတ်ဆိတ်ပျောက်သုဉ်းနေပြီပေါ့
ဂီရိကယ်ဆယ်ရေးတုန်းက PLA လုပ်တဲ့ အမှတ်တရ
၂၀၁၀ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ ဂီရိမုန်တိုင်းကြောင့် ဒုက္ခရောက်ခဲ့ကြတဲ့ မြေပုံမြို့နယ်၊ ငမန်းရဲကြီးတိုက်နယ်က ရွာတွေမှ PLA လို့ခေါ်တဲ့ Participatory Learning Assessment တွေကို ကျေးရွာတွေမှာလုပ်ခဲ့ကြပါတယ်။ အဲဒီတုန်းက အတွေ့အကြုံမရှိတဲ့ ရွာသူရွာသားတွေကို ပူးပေါင်းပါဝင်လာအောင် ဆွဲခေါ်ခဲ့ရတဲ့အတွေ့အကြုံဟာ ကျွန်တော်တို့ရဲ့ ဘ၀မှာ တစ်သက်တာအမှတ်တရပဲဖြစ်ပါတယ်။ ကျွန်တော်တို့အတူ လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ လွန်းလုံးပိုက်ကျေးရွာက ညီအစ်ကို၊ မောင်နှမများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
Thursday, September 20, 2012
MPG ၏ 6th National PLHIV Forum အောင်မြင်စွာကျင်းပပြီးစီး
Myanmar Positive Group (National PLHIV Network) မှ ဦးဆောင်၍
(၆)ကြိမ်မြောက် National PLHIV Forum ကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ
(၁၅)ရက်နေ့မှ (၁၆)ရက်နေ့ထိ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ Excel
Treasurer Tower တွင်ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ အမျိုးသား
ခုခံကျ/ကာလသားတိုက်ဖျက်ရေး စီမံချက်မှ စီမံချက်မန်နေဂျာ
ဒေါက်တာဒေါ်ခင်ဥမ္မာစံအပါအ၀င် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ UNAIDS
မှ Country Director Mr.Eammon Murphy နှင့် UN, INGO အဖွဲ့အစည်းများမှ
တာဝန်ရှိသူများ၊ MPG နှင့်ကွန်ရက်ချိတ်ဆက်ထားသော တိုင်းဒေသကြီးနှင့်ပြည်နယ်
(၁၄) ခုမှ အိပ်(ခ်ျ)အိုင်ဗီပိုး ဖြင့် အသက်ရှင်နေသူ ကိုယ်စားလှယ်ပေါင်း
(၁၉၇)ဦးအပါအ၀င် စုစုပေါင်း (၂၆၃) ဦးတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားကို
နှစ်ရက်တိုင်တိုင်ကျင်းပခဲ့ပြီး နောက်ဆုံးနေ့တွင်
တက်ရောက်လာကြသူများအားလုံးမှ လက်မှတ်ရေးထိုးကာ မြန်မာနိုင်ငံရှိ
အိပ်(ခ်ျ)အိုင်ဗီပိုးရှိသူများအတွက် အဓိကလိုအပ်ချက် (၅)ချက်ကို
တောင်းဆိုခဲ့ကြပါသည်။ အဆိုပါတောင်းဆိုချက်များကို တာဝန်ရှိသော
ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊
အလှူရှင်များသို့တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်းသိရှိရသည်။
သဘောထားမှတ်ချက်အပြည့်အစုံအား ဒေါင်းလုပ်ရယူရန်
Wednesday, September 19, 2012
Job Vacancy
| You can send Vacancy Announcement of your organization to upload to thanhtoon.utopia@gmail.com with pdf format. | |||||||
| Vacancy Announcement for UNs, INGOs, LNGOs | |||||||
| Closing Date | Job Title | Organization | Download | ||||
| 21-Sep-12 | Communication Officer | UNOPS | Download | ||||
| 21-Sep-12 | Community Mobilization Supervisor | PU-AMI | Download | ||||
| 21-Sep-12 | Community Mobilizer(WASH) | UN-HABITAT | Download | ||||
| 21-Sep-12 | Nurse | PU-AMI | Download | ||||
| 21-Sep-12 | Various Position | SwanYee | Download | ||||
| 30-Sep-12 | Field Coordinator | DRC | Download | ||||
| 30-Sep-12 | Team Leader | DRC | Download | ||||
| 10-Oct-12 | Field Administrator | CESVI | Download | ||||
Tuesday, September 18, 2012
ဂီရိမုန်တိုင်းသင့်ဒေသများသို့ ကယ်ဆယ်ရေးသွားရောက်ခဲ့စဉ်ကအမှတ်တရ
Utopia အဖွဲ့ဝင်တွေဟာ ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလတုန်းက ရခိုင်ပြည်နယ်ကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဂီရိမုန်တိုင်းဒဏ်သင့် မြေပုံမြို့ နယ်၊ ငမန်းရဲကြီးတိုက်နယ်၊ လွန်းလုံးပိုက်ကျေးရွာမှာ အခြေစိုက်ပြီးတော့ အနီးဝန်းကျင် (၁၁) ရွာကို ဆန်၊ဆီ၊ အ၀တ်အထည်၊ အမိုးအကာ၊ စားစရာတွေ လှူဒါန်းခဲ့ကြပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့တစ်တွေဟာ ကိုယ်တွေကိုယ်တိုင် ကျန်းမာရေးမကောင်းပေမယ့် ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်အားဘဲ မုန်တိုင်းဒဏ်ခံဒေသတွေကို သွားခဲ့ကြပါတယ်။
Utopia အဖွဲ့ဝင်များ အိမ်တိုင်ယာရောက်ARV ဆေးဝါးများ လိုက်လံပို့ဆောင်ပေးနေ
ရခိုင်ပြည်နယ်ရဲ့ မြို့ တော် စစ်တွေမြို့ မှာ မကြာသေးခင်လအနည်းငယ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများကြောင့် MSF(Holland) ကဖွင့်လှစ်ထားတဲ့ သဇင်ဆေးခန်းတွေကို ယာယီပိတ်ထားခဲ့တာဟာ အခု အချိန်အထိဖြစ်ပါတယ်။ ဒါပေမယ့် စစ်တွေသဇင်ဆေးခန်းကနေ ARV ဆေးဝါးများ ရယူသောက်သုံး နေတဲ့ PLHIV တွေကို ဆေးဝါးများမပြတ်လပ်စေဖို့အတွက် Utopia အဖွဲ့ဟာ MPG, MSF (Holland)(Coordination) တို့နဲ့ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ အချို့ နေရာတွေမှာ အိမ်တိုင် ယာရောက် လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ လိုအပ်ရင် Peer Counseling, Adherence Counseling တို့ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ Volunteer တွေဟာ Volunteer ဆိုတဲ့စကားအတိုင်း လုပ်အားစိုက်နိုင်ပေမယ့် အခြားစရိတ်တွေပါစိုက်လာရတယ်။ ၀ိုင်းဝန်းပံ့ပိုးမယ့်သူတွေကလည်း နတ္တိဆိုတော့ဘယ်အချိန်လောက်ထိများလုပ်နိုင်ပါ့မလဲဆိုတာ တွေးရင် နေ့စဉ်ရင်မောနေရတဲ့ စေတနာ့ဝန်ထမ်း တွေရဲ့ ဘ၀တွေဟာ ဝေဒနာတွေရောယှက်လာနေပါပြီ။
Location:
Sittwe, Burma
Subscribe to:
Posts (Atom)