Tuesday, May 15, 2012

တံဆိပ်အား အဓိပ္ပာယ်ဖွင့်ဆိုခြင်း



အပြာရောင်စက်ဝိုင်း၏ အလယ်တည့်တည့်တွင် ဖဲကြိုးနီတစ်ခု ရှိပြီး ၎င်းဖဲကြိုးနီကို သဇင်ပန်းနှစ်ခက်က ဘယ်ညာ ၀ိုင်းရံထားသည်။ ၎င်းစက်ဝိုင်း၏ ထိပ်အလယ်တည့်တည့်တွင် အဖွဲ့၏အတိုကောက် စာလုံး UA အားထည့်သွင်းထားသည်။
          (က)    အပြာရောင်စက်ဝိုင်းသည် ငြိမ်းချမ်းခြင်းအား ရည်ညွှန်း ပါသည်။
     (ခ)     ဖဲကြိုးနီသည် HIV/AIDS နှင့်သက်ဆိုင်သော လုပ်ငန်း များအားလုပ်ကိုင်နေသော အဖွဲ့အစည်းကို ရည်ညွှန်းပါသည်။
          (ဂ)     သဇင်ပန်းနှစ်ခက်သည် ရခိုင်ပြည်နယ်အား ကိုယ်စားပြု ပါသည်။

What is Utopia (Phoenix-Sittwe)?


ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဓည၀တီရပ်ကွက်၊ မေယုလမ်းတွင် AZG (MSF-Holland) နယ်စည်းမထားဆရာဝန်များ အဖွဲ့ (ဟော်လန်)မှ သဇင်ဆေးခန်းကို ဖွင့်လှစ်ထားလျက်ရှိပါသည်။ ထိုဆေးခန်းတွင် ဆေးကုသမှုခံယူနေသော PLHIV များ၏ လစဉ်ပစ်တိုင်းထောင်တွေ့ဆုံပွဲများကို AZG Office နှင့် သဇင်ဆေးခန်းများတွင် ၂၀၀၈ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ကျင်းပခဲ့ရာ ယနေ့အချိန်အထိ ကျင်းပလျက်ရှိပါသည်။ ထိုတွေ့ဆုံပွဲမှတစ်ဆင့် ဘ၀တူများ အား ပိုမိုကူညီပေးနိုင်ရန်အတွက် PLHIV အများစုပါဝင်သော Utopia (Phoenix- Sittwe) ကို ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ စတင်ဖွဲ့စည်းစဉ်က HIV ပိုးဖြင့် အသက်ရှင်သန်နေထိုင်သူများနှင့် ၄င်းတို့၏မိသားစုဝင်များကိုသာ အဓိကထားကူညီရန်ဖြစ်သော်လည်း ရခိုင်ပြည်နယ်အတွင်းတိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်း၏ ကယ်ဆယ်ရေးလုပ်ငန်းများကို ပါဝင်ကူညီလုပ်ကိုင်းရင်း သဘာဝဘေးဒဏ်သင့်ပြည်သူများကိုလည်း အကူအညီများ ပေးလာနိုင်ခဲ့သည်။

Utopia အဖွဲ့ရဲ့ လက်ကမ်းစာစောင်အား ဒေါင်းလုပ်ဆွဲရန် 

ကလေးငယ်များအတွက် ပညာသင်ထောက်ပံ့ခြင်း အစီအစဉ်



စစ်တွေမြို့ တွင် အခြေပြုနေထိုင်ပြီး HIV ပိုးဖြင့်အသက်ရှင်နေထိုင်သူများ၏ သားသမီးများအား ပညာသင်ကြားနိုင်ရန်အတွက် စာရေးကိရိယာများ၊ ကျောင်းစာအုပ်များ၊ လွယ်အိတ်များနှင့် ကျောင်းစရိတ်များထောက်ပံ့ခြင်းလုပ်ငန်းများကို ၂၀၁၀ခုနှစ်တွင် ကျောင်းသားကျောင်းသူ (၃၀) ဦးအားလည်းကောင်း၊ ၂၀၁၁ခုနှစ်တွင် ကျောင်းသားကျောင်းသူ (၅၂) ဦးအားလည်းကောင်း ထောက်ပံ့ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ ယခု ၂၀၁၂ ခုနှစ်တွင်လည်း ထောက်ပံ့လှူဒါန်းရန်စီစဉ်ထားပါသဖြင့် လှူဒါန်းလိုသူများအနေဖြင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

Monday, May 14, 2012

ရခိုင်ပြည်နယ်အတွင်း HIV ကူးစက်ခံနေရသူများ၊ ၄င်းတို့၏သားသမီးများ၊ မိသားစုဝင်များအတွက် လိုအပ်သော ညွှန်းပို့ခြင်း၊ ထောက်ပံ့ခြင်း၊ ပြုစုစောင့်ရှောက်ခြင်းလုပ်ငန်းများ

ရခိုင်ပြည်နယ်အတွင်း HIV ကူးစက်ခံနေရသူများအတွက် ဆေးကုသမှုရရှိနိုင်ရေး၊ မှန်ကန်သောဆေးဝါးကုသမှုလမ်းကြောင်းပေါ်ရောက်ရှိနိုင်ရေး၊ ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများ၊ သားသမီးများအတွက် ပညာသင်ထောက်ပံ့ခြင်းလုပ်ငန်းများကို ရခိုင်ပြည်နယ်အတွင်းရှိ အမျိုးသားခုခံကျ/ကာလသားတိုက်ဖျက်ရေးဌာန၊နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF-Holland) တို့နှင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိပါသည်။ ဆက်သွယ်လှူဒါန်းလိုသူများအနေဖြင့် အောက်ပါလိပ်စာများသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
  • ကိုသန်းထွန်း           အဖွဲ့ခေါင်းဆောင်       ဖုန်း - ၀၉၇၃၀၈၇၀၁၅     Email- thanhtoon.utopia@gmail.com
  • ကိုဦးဘဆွေ            ဘဏ္ဍာရေးမှူး            ဖုန်း-  ၀၉၄၅၀၅၃၉၆၄၃   Email- baswe.utopia@gmail.com