၂၀၁၀ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ ဂီရိမုန်တိုင်းဒဏ်ခံ မြေပုံမြို့နယ်၊ ငမန်းရဲကြီးကျွန်းကိုသွားရတဲ့ ရေလမ်းခရီးရဲ့ လမ်းခုလတ်တစ်နေရာဖြစ်တဲ့ ဟန်တားပင်လယ်ဝအနီးက ၀မ်းစာရှာ ရေလုပ်သားတွေရဲ့ဘ၀တွေ၊ တောင်တန်းကြီးပေါ်မေးတင်နေတဲ့ ၀င်လုဆဲဆဲနေလုံးကြီးရယ်ပေါ့။ အဲဒီအချိန်မှာ သဘာဝတရားကြီးက ဘာမှမသိတဲ့သဘောပေါ့။ ဒါပေမယ့် အဲဒီပင်လယ်ပြင်မှာ ဒေသခံတွေရဲ့ မျက်ရည်တွေ၊ အော်ဟစ်ငိုကြွေးသံတွေ၊ ပြေးကြလွှားကြသံတွေဟာ တိတ်ဆိတ်ပျောက်သုဉ်းနေပြီပေါ့
Friday, September 21, 2012
ဂီရိကယ်ဆယ်ရေးတုန်းက PLA လုပ်တဲ့ အမှတ်တရ
၂၀၁၀ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ ဂီရိမုန်တိုင်းကြောင့် ဒုက္ခရောက်ခဲ့ကြတဲ့ မြေပုံမြို့နယ်၊ ငမန်းရဲကြီးတိုက်နယ်က ရွာတွေမှ PLA လို့ခေါ်တဲ့ Participatory Learning Assessment တွေကို ကျေးရွာတွေမှာလုပ်ခဲ့ကြပါတယ်။ အဲဒီတုန်းက အတွေ့အကြုံမရှိတဲ့ ရွာသူရွာသားတွေကို ပူးပေါင်းပါဝင်လာအောင် ဆွဲခေါ်ခဲ့ရတဲ့အတွေ့အကြုံဟာ ကျွန်တော်တို့ရဲ့ ဘ၀မှာ တစ်သက်တာအမှတ်တရပဲဖြစ်ပါတယ်။ ကျွန်တော်တို့အတူ လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ လွန်းလုံးပိုက်ကျေးရွာက ညီအစ်ကို၊ မောင်နှမများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
Thursday, September 20, 2012
MPG ၏ 6th National PLHIV Forum အောင်မြင်စွာကျင်းပပြီးစီး
Myanmar Positive Group (National PLHIV Network) မှ ဦးဆောင်၍
(၆)ကြိမ်မြောက် National PLHIV Forum ကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ
(၁၅)ရက်နေ့မှ (၁၆)ရက်နေ့ထိ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ Excel
Treasurer Tower တွင်ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ အမျိုးသား
ခုခံကျ/ကာလသားတိုက်ဖျက်ရေး စီမံချက်မှ စီမံချက်မန်နေဂျာ
ဒေါက်တာဒေါ်ခင်ဥမ္မာစံအပါအ၀င် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ UNAIDS
မှ Country Director Mr.Eammon Murphy နှင့် UN, INGO အဖွဲ့အစည်းများမှ
တာဝန်ရှိသူများ၊ MPG နှင့်ကွန်ရက်ချိတ်ဆက်ထားသော တိုင်းဒေသကြီးနှင့်ပြည်နယ်
(၁၄) ခုမှ အိပ်(ခ်ျ)အိုင်ဗီပိုး ဖြင့် အသက်ရှင်နေသူ ကိုယ်စားလှယ်ပေါင်း
(၁၉၇)ဦးအပါအ၀င် စုစုပေါင်း (၂၆၃) ဦးတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားကို
နှစ်ရက်တိုင်တိုင်ကျင်းပခဲ့ပြီး နောက်ဆုံးနေ့တွင်
တက်ရောက်လာကြသူများအားလုံးမှ လက်မှတ်ရေးထိုးကာ မြန်မာနိုင်ငံရှိ
အိပ်(ခ်ျ)အိုင်ဗီပိုးရှိသူများအတွက် အဓိကလိုအပ်ချက် (၅)ချက်ကို
တောင်းဆိုခဲ့ကြပါသည်။ အဆိုပါတောင်းဆိုချက်များကို တာဝန်ရှိသော
ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊
အလှူရှင်များသို့တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်းသိရှိရသည်။
သဘောထားမှတ်ချက်အပြည့်အစုံအား ဒေါင်းလုပ်ရယူရန်
Wednesday, September 19, 2012
Job Vacancy
You can send Vacancy Announcement of your organization to upload to thanhtoon.utopia@gmail.com with pdf format. | |||||||
Vacancy Announcement for UNs, INGOs, LNGOs | |||||||
Closing Date | Job Title | Organization | Download | ||||
21-Sep-12 | Communication Officer | UNOPS | Download | ||||
21-Sep-12 | Community Mobilization Supervisor | PU-AMI | Download | ||||
21-Sep-12 | Community Mobilizer(WASH) | UN-HABITAT | Download | ||||
21-Sep-12 | Nurse | PU-AMI | Download | ||||
21-Sep-12 | Various Position | SwanYee | Download | ||||
30-Sep-12 | Field Coordinator | DRC | Download | ||||
30-Sep-12 | Team Leader | DRC | Download | ||||
10-Oct-12 | Field Administrator | CESVI | Download |
Tuesday, September 18, 2012
ဂီရိမုန်တိုင်းသင့်ဒေသများသို့ ကယ်ဆယ်ရေးသွားရောက်ခဲ့စဉ်ကအမှတ်တရ
Utopia အဖွဲ့ဝင်တွေဟာ ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလတုန်းက ရခိုင်ပြည်နယ်ကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဂီရိမုန်တိုင်းဒဏ်သင့် မြေပုံမြို့ နယ်၊ ငမန်းရဲကြီးတိုက်နယ်၊ လွန်းလုံးပိုက်ကျေးရွာမှာ အခြေစိုက်ပြီးတော့ အနီးဝန်းကျင် (၁၁) ရွာကို ဆန်၊ဆီ၊ အ၀တ်အထည်၊ အမိုးအကာ၊ စားစရာတွေ လှူဒါန်းခဲ့ကြပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့တစ်တွေဟာ ကိုယ်တွေကိုယ်တိုင် ကျန်းမာရေးမကောင်းပေမယ့် ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်အားဘဲ မုန်တိုင်းဒဏ်ခံဒေသတွေကို သွားခဲ့ကြပါတယ်။
Utopia အဖွဲ့ဝင်များ အိမ်တိုင်ယာရောက်ARV ဆေးဝါးများ လိုက်လံပို့ဆောင်ပေးနေ
ရခိုင်ပြည်နယ်ရဲ့ မြို့ တော် စစ်တွေမြို့ မှာ မကြာသေးခင်လအနည်းငယ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများကြောင့် MSF(Holland) ကဖွင့်လှစ်ထားတဲ့ သဇင်ဆေးခန်းတွေကို ယာယီပိတ်ထားခဲ့တာဟာ အခု အချိန်အထိဖြစ်ပါတယ်။ ဒါပေမယ့် စစ်တွေသဇင်ဆေးခန်းကနေ ARV ဆေးဝါးများ ရယူသောက်သုံး နေတဲ့ PLHIV တွေကို ဆေးဝါးများမပြတ်လပ်စေဖို့အတွက် Utopia အဖွဲ့ဟာ MPG, MSF (Holland)(Coordination) တို့နဲ့ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ အချို့ နေရာတွေမှာ အိမ်တိုင် ယာရောက် လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ လိုအပ်ရင် Peer Counseling, Adherence Counseling တို့ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ Volunteer တွေဟာ Volunteer ဆိုတဲ့စကားအတိုင်း လုပ်အားစိုက်နိုင်ပေမယ့် အခြားစရိတ်တွေပါစိုက်လာရတယ်။ ၀ိုင်းဝန်းပံ့ပိုးမယ့်သူတွေကလည်း နတ္တိဆိုတော့ဘယ်အချိန်လောက်ထိများလုပ်နိုင်ပါ့မလဲဆိုတာ တွေးရင် နေ့စဉ်ရင်မောနေရတဲ့ စေတနာ့ဝန်ထမ်း တွေရဲ့ ဘ၀တွေဟာ ဝေဒနာတွေရောယှက်လာနေပါပြီ။
Sunday, September 16, 2012
Presentation From National PLHIV Forum
Myanmar Positive Group (National PLHIV Network) မှ ဦးဆောင်ပြုလုပ်သည့် 6th National PLHIV Forum တွင် NAP, UN, INGO များမှ ဆရာ၊ဆရာမများ၊ CCM, TSG မှ MPG ၏ ကိုယ်စားလှယ်များမှ တင်ပြသော Powerpoint Presentation များကို စုစည်းထားခြင်းဖြစ်ပါသည်။
Quality System for Health Care by Dr Nyan Tun (WHO)
MPG မှ ဆောင်ရွက်နေသော CoC မူဘောင် by U Myo Thant Aung (MPG)
Country Coordination Mechanism and Positive Participation by U Soe Moe Aung (CCM-Representative)
MSF-Holland ၏ မြန်မာနိုင်ငံတွင်း ဆောင်ရွက်နေမှုများ by Dr Khin Nyein Chan(MSF-H)
International HIV/AIDS Alliance မှ ဆောင်ရွက်နေသော PPPH by Dr Aung Zeya Paing (Alliance)
Opportunities and Challenges for Scaling up Treatment 2.0 by Dr Myint Shwe (NAP)
TSG Updates by MKLynn@Tom (TSG-Representative)
Treatment as Preventation by Dr Kyu Kyu Than (BI-MM)
UNION (IHC) ၏ ဆောင်ရွက်နေမှုများ by Dr Nay Thiha (UNION)
ပါမောက္ခဒေါက်တာအောင်ထွန်းသက်၏ Presentation
Subscribe to:
Posts (Atom)