Wednesday, June 27, 2012

ဆက်သွယ်လှူဒါန်းလိုသူများ၊ ဆေးဝါးအတွက် ဆက်သွယ်လိုသူများ

စစ်တွေမှာရှိတဲ့ Utopia(Phoenix-Sittwe) အဖွဲ့ဟာ ရန်ကုန်မြို့  မှာရှိတဲ့ Myanmar Positive Group (National PLHIV Network) ရဲ့ ကူညီမှု၊ MSF (Holland)ရဲ့ ရန်ကုန်ဆေးခန်းတွေက ကူညီမှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ARV ဆေးသောက်သုံးနေသူများအနေဖြင့် ဆေးဝါးပြတ်လပ်မှုမရှိစေရေး အတွက်အကူအညီတွေ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ယနေ့ထိအနေအထားမှာMSFသို့  ဆေးခန်းစာအုပ်တွေ ပို့ထားတဲ့အနက်က စစ်တွေကို လူနာ (၅၃)ဦးအတွက် ဆေးတွေပံ့ပိုးပေးနိုင်ခဲ့ပြီး ဆက်လက်ပေးပို့နိုင်ရေး အတွက်လည်းစီစဉ်ဆောင်ရွက်နေပါတယ်။ ဒီဆေးဝါးပို့ဆောင်ပေးတဲ့လုပ်ငန်းစဉ်မှာ ကုန်ကျစရိတ်တွေ ၊ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ PLHIV တွေအတွက် လှူဒါန်းလိုသူတွေအနေနဲ့ Myanmar Positive Group ရုံး၊ အမှတ်(၁၂၊ အက်ဖ်)၊ ပြည်သူ့လမ်း၊ ၇ မိုင်၊ မရမ်းကုန်း ဖုန်း- ၀၁- ၆၆၂၄၈၄၊ ၆၆၅၉၀၄၊ ၆၆၆၅၃၂ လိုင်းခွဲ-၂၁၄ သို့ဖြစ်စေ၊ အဖွဲ့ခေါင်းဆောင် ကိုသန်းထွန်း ၀၉၇၃၀၈၇၀၁၅ ထံသို့ဖြစ်စေ ဆက်သွယ်လှူဒါန်းနိုင်ကြပါတယ်။