Thursday, November 15, 2012

စစ်တွေမြို့နယ်အတွင်းမှ ARV ဆေးဝါးသောက်သုံးနေရသူများနှင့် တွေ့ဆုံဆွေးနွေး







Utopia အဖွဲ့ မှ ဦးဆောင်၍ ရခိုင်ပြည်နယ်အတွင်း HIV ပိုးရှိသူများအတွက် ဆေးဝါးကုသမှုများ ခံယူနိုင်ရေးဆိုင်ရာ အကြိုညှိနှိုင်းအစည်းအဝေးကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ(၁၁) ရက်နေ့က Utopia အဖွဲ့ရုံးမှာ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ ယခုလက်ရှိအနေအထားမှာ Utopia အဖွဲ့ကနေ တစ်ဆင့် ARV ဆေးများမပြတ်လပ်စေရေး ဆောင်ရွက်နေမှုပုံစံကို လူနာအားလုံးက လက်ခံကြပြီး ယခုပုံစံအတိုင်းသာ ဆက်သွားစေလိုကြောင်း၊ သို့ရာတွင် အခြားလိုအပ်သော နှစ်သိမ့်ဆွေးနွေးခန်းများ၊ ဆေးစတိုများပါ လိုအပ်သည့်အတွက်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံသည့် အသိပေးဆွေးနွေးပွဲတွင် တင်ပြသွားကြရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ Myanmar Positive Group (National PLHIV Network) နှင့် Utopia Association တို့မှ ဦးဆောင်ကျင်းပသည့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ စစ်တွေမြို့ရှိ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲကို စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်ရှိ ၀ံလက်ဖောင်ဒေးရှင်း ရုံးတွင် ညနေ(၂း၀၀)နာရီမှ (၄း၀၀)နာရီအထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။