Thursday, November 8, 2012

Utopia အဖွဲ့မှ ဦးဆောင်ကာ စစ်တွေမြို့နှင့် အနီးတစ်ဝိုက်ဒေသမှ PLHIV များ ဆေးဝါးမပြတ်လပ်စေရေး ကြိုးပမ်းဆောင်ရွက်နေ

စစ်တွေမြို့ပေါ်ရှိ HIV ပိုးရှိသူအများစုဖြင့် ဖွဲ့စည်းထားသော Utopia Association မှဦးဆောင်ကာ စစ်တွေမြို့တွင် သဇင်ဆေးခန်းအားပိတ်ထားသော်လည်း စစ်တွေမြို့နှင့် အနီးတစ်ဝိုက်ရှိမြို့များမှ HIV ပိုးရှိပြီး ART ဆေးဝါးသောက်သုံးနေရသူများ ဆေးဝါးမပြတ်လပ်စေရေးနှင့် ဆရာဝန်နှင့်ပြသကာ ကုသမှုခံယူနိုင်ရေးအတွက် ယာယီဆေးခန်းကို ရဲနွယ်စုအရှေ့ရပ်ကွက်တွင် ဖွင့်လှစ်လျက်ရှိပါသည်။ လူနာများအနေဖြင့် တနင်္လာနေ့မှ စနေနေ့အထိ နံနက် (၉း၀၀)နာရီမှ ညနေ(၅း၀၀) နာရီအတွင်းလာရောက် ပြသနိုင်ပါသည်။ ထို့ပြင် Myanmar Positive Group (National PLHIV Network) ၏ ဦးဆောင်မှု၊ Utopia အဖွဲ့၏ ပူးပေါင်းမှုဖြင့် မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသော ရခိုင်ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲတစ်ခုကို ကျင်းပပြုလုပ်ရန်လည်း စီစဉ်လျက်ရှိပါသည်။