Saturday, September 15, 2012

MPG (National PLHIV Network) ၏ 6th National PLHIV Forum ပထမနေ့မြင်ကွင်း

Myanmar Positive Group (National PLHIV Network) ရဲ့   6th National PLHIV Forum (ပထမနေ့)ကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့နံနက်(၉း၀၀)နာရီမှစတင်ကာရန်ကုန်တိုင်းဒေသကြီး၊  ရွှေဂုံတိုင် ရှိ Excel Treasure Hotel၊ ၁၀ လွှာမှာ စတင်ကျင်းပနေတယ်။ အဲဒီအခမ်းအနားကို အမျိုးသားခုခံကျ/ကာလသားတိုက်ဖျက်ရေးစီမံချက်မှ စီမံချက်မန်နေဂျာ ဒေါက်တာဒေါ်ခင်ဥမ္မာစံအပါအ၀င် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  UNAIDS မှ Country Director အပါအ၀င် UN, INGO များမှ တာဝန်ရှိသူများ၊ MPG ၏ အကြံပေးများ၊ ဘုတ်အဖွဲ့ဝင်များနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဒေသ (၁၂) ခုမှ အိပ်ခ်ျအိုင်ဗီပိုးဖြင့်အသက်ရှင်နေထိုင်သူ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။




Wednesday, September 12, 2012

MPG ၏ 6th National PLHIV Forum


Myanmar Positive Group (National PLHIV Network) ၏ 6th National PLHIV Forum ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ (၁၅)ရက်နှင့် (၁၆)ရက်နေ့တို့တွင် ရန်ကုန်မြို့   ၊ ရွှေဂုံတိုင်ရှိ Excel Treasure Hotel (10th Floor) တွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ဒေသ (၁၂) ခုမှ အိပ်ခ်ျအိုင်ဗီပိုးဖြင့် အသက်ရှင်နေသူ ခေါင်းဆောင် (၁၉၀) ကျော်တက်ရောက်ကြမည်ဖြစ်ပြီး ကုသမှုများ အရည်အသွေးမီရေးနှင့်ပတ်သက်၍ ဆွေးနွေးသွားကြမည်ဖြစ်ပြီး ပါမောက္ခဒေါက်တာအောင်ထွန်းသက် မှလည်း ဒုတိယနေ့တွင် တက်ရောက်ဟောပြောမည်ဖြစ်ပါသည်။

အခမ်းအနားအစီအစဉ်အားဒေါင်းလုပ်ဆွဲရန် (as PDF)
အခမ်းအနားဖိတ်စာအား ဒေါင်းလုပ်ဆွဲယူရန်




အသင်းအဖွဲ့ဆိုင်ရာဥပဒေနှင့်ပတ်သက်၍ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့၏ စီစဉ်မှုဖြင့် နေပြည်တော်သို့ Myanmar Positive Group(National PLHIV Network) ကိုယ်စားပြုသွားရောက်ခြင်း



Myanmar Positive Group (National PLHIV Network) ၏ ဘုတ်အဖွဲ့ဝင်လည်းဖြစ်၊ ရခိုင်ဒေသကိုယ်စားလှယ်ဖြစ်သူ ဦးသန်းထွန်းသည် ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့၏စီစဉ်မှုဖြင့် အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ဆိုင်ရာဥပဒေ၊ NGO Law တို့နှင့်ပတ်သက်သည့် Advocacy Trip အဖြစ် နေပြည်တော်သို့သွားရောက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့်သွားရောက်တွေ့ဆုံရန်အတွက် Myanmar Positive Group အား ကိုယ်စားပြုကာ သွားရောက်ခဲ့ပါသည်။

To download Report as PDF

Tuesday, September 11, 2012

Myanmar Positive Group (National PLHIV Network) ၏ရခိုင်ဒေသဆိုင်ရာကိုယ်စားလှယ်သည် ရခိုင်ဒေသသို့ Advocacy သွားရောက်ခြင်း

Myanmar Positive Group (National PLHIV Network) ၏ ရခိုင်ပြည်နယ်ဒေသကိုယ်စားလှယ်ဖြစ်သူ ဦးသန်းထွန်းသည် ရခိုင်ဒေသရှိ အိပ်ခ်ျအိုင်ဗီပိုးဖြင့်အသက်ရှင်နေသူများ၏ ဆေးဝါးကုသမှုများ အဆင်ပြေ ချောမွေ့စေရေး၊ လွှဲပြောင်းသည့်လုပ်ငန်းများအဆင်ပြေစေရေးနှင့် ဒေသလူထုများ ပိုမိုပူးပေါင်း နိုင်ရေးတို့အတွက် စစ်တွေမြို့   ရှိ နိုင်ငံရေးပါတီများ၊ ဆရာတော်ကြီးများ၊ ကျန်းမာရေးဌာနမှတာဝန်ရှိသူများ၊ အမျိုးသားခုခံကျ/ကာလသားတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်အထူးကုဆရာဝန်ကြီးတို့နှင့် တွေ့ဆုံရန်အတွက် (၂၂၊၇၊၂၀၁၂)နေ့မှ (၂၈၊၇၊၂၀၁၂) နေ့အထိ Advocacy Trip သွားရောက်ခဲ့ပါသည်။ ထိုသို့သွားရောက်ရာတွင် ဒေသတွင်းရှိ PLHIV များနှင့်လည်းတွေ့ဆုံနိုင်ခဲ့ပါသည်။


To download Situation Analysis Report for PLHIV in Rakhine