Tuesday, September 18, 2012

Utopia အဖွဲ့ဝင်များ အိမ်တိုင်ယာရောက်ARV ဆေးဝါးများ လိုက်လံပို့ဆောင်ပေးနေ

ရခိုင်ပြည်နယ်ရဲ့   မြို့  တော် စစ်တွေမြို့   မှာ မကြာသေးခင်လအနည်းငယ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများကြောင့် MSF(Holland) ကဖွင့်လှစ်ထားတဲ့ သဇင်ဆေးခန်းတွေကို ယာယီပိတ်ထားခဲ့တာဟာ အခု အချိန်အထိဖြစ်ပါတယ်။ ဒါပေမယ့် စစ်တွေသဇင်ဆေးခန်းကနေ ARV ဆေးဝါးများ ရယူသောက်သုံး နေတဲ့ PLHIV တွေကို ဆေးဝါးများမပြတ်လပ်စေဖို့အတွက် Utopia အဖွဲ့ဟာ MPG, MSF (Holland)(Coordination) တို့နဲ့ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ အချို့  နေရာတွေမှာ အိမ်တိုင် ယာရောက် လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ လိုအပ်ရင် Peer Counseling, Adherence Counseling တို့ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ Volunteer တွေဟာ Volunteer ဆိုတဲ့စကားအတိုင်း လုပ်အားစိုက်နိုင်ပေမယ့် အခြားစရိတ်တွေပါစိုက်လာရတယ်။ ၀ိုင်းဝန်းပံ့ပိုးမယ့်သူတွေကလည်း နတ္တိဆိုတော့ဘယ်အချိန်လောက်ထိများလုပ်နိုင်ပါ့မလဲဆိုတာ  တွေးရင် နေ့စဉ်ရင်မောနေရတဲ့ စေတနာ့ဝန်ထမ်း တွေရဲ့ ဘ၀တွေဟာ ဝေဒနာတွေရောယှက်လာနေပါပြီ။




1 comment:

Unknown said...

အရမ်းကောင်းပါတယ်။ အကူအညီတွေရနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။