Monday, May 27, 2013

မြန်မာနိုင်ငံအတွင်းရှိ HIV/AIDS တားဆီးကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေသည့် လူမှုကွန်ရက် (၇)ဖွဲ့မှ ပူးပေါင်းကာ မီးထွန်းဆုတောင်းပွဲကျင်းပ






မြန်မာနိုင်ငံအတွင်းရှိ HIV/AIDS တားဆီးကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေကြသော လူမှုကွန်ရက်(၇)ခုမှ ဦးဆောင်ကာ (၈)ကြိမ်မြောက် HIV/AIDS ဖြင့် သေဆုံးသွားသူများအတွက် မီးထွန်းဆုတောင်းပွဲ ( International Candlelight Memorial Service) ကို ၂၀၁၃ ခုနှစ်၊ မေလ (၂၆)ရက်နေ့တွင် ရန်ကုန်မြို့ရှိ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ UNAIDS' Global Advocate for Zero Discrimination ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်ပြီး အမှတ်တရ ဖယောင်းမီးထွန်းကာ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံအတွင်းရှိ HIV ပိုးရှိသူ ဝေဒနာရှင်များအတွက် အားတက်ဖွယ် အဖွင့်အမှာစကားကို မိန့်ကြားခဲ့ပါသည်။

No comments: